Hebreus 8

DNV

1 ငါလို့ ပြောဆိုနေသော အကျောန်းအရာများတွင် အရေးကြီးလဲ့အချက်မှာ ငါလို့တွင် အဲသို့သော ယဇ်ပုရောဟိတ်မင်း ဆိခြင်းဖြစ်အယ်၊ ကိုယ်တော်ဟ ခေါန်းခင်ဘုံဆိ တန်ခိုးအာနုဘော်ရဲ့ ပလ္လင် လက်ယာဘက်နှိုက် ထိန်နေအယ်။

2 ကိုယ်တော်ဟ ရမ်းဆာ့သန့်ဆှင်းရာ ဌာနတော်တည်းဟူသော တဲတော်စစ်နှိုက် အစေခံလျက် နေအယ်၊ အဲဟာဟ လူလို့ တည်ဆောက်သော တဲတော် မဟုတ်၊ ထာဝရဘုရားဟ တည်ဆောက်သော တဲတော် ဖြစ်အယ်။

3 ယဇ်ပုရောဟိတ်မင်းအားလုံးဟ ပူဇော်သကာနဲ့ ယဇ်လို့ဟို ပူဇော်ရန် ခန့်ထားခြင်း ခံရတာဖြစ်ယွေ့ ဟေယဇ်ပုရောဟိတ်မင်းဟလည်း ပူဇော်စရာ တစုံတခုဆိရန် လိုအပ်အယ်။

4 ကိုယ်တော်ဟ မြေကြီးပေါ်တွင် ဆိခဲ့ရင် ပညတ်တရားအရ ပူဇော်သကာဟို ပူဇော်သောသူများ ဆိနေတာဖြစ်ယွေ့ ယဇ်ပုရောဟိတ် ဖြစ်လိမ့်မယ် မဟုတ်။

5 ယဇ်ပုရောဟိတ်များ ပြုသောအမှုအရာများဟ ခေါန်းခင်ဘုံဆိ အမှုအရာများရဲ့ ပုံတူနဲ့ အရိပ်အရောင်မျှသာ ဖြစ်အယ်။ မောရှေ ပြုခဲ့လဲ့အမှုအရာများဟလည်း ဟေတိုင်းတိုင်းပင် ဖြစ်အယ်။ ပစာကို့ သူဟ ပဋိညာဉ် တဲတော်ဟို တည်ဆောက်မယ် ပြုသောအခါ ဘုရားသခင်ဟ “တောင်ပေါ်တွင် နင့်အား ငါပြခဲ့လဲ့ ပုံစံနဲ့အညီ အလုံးစုံလို့ဟို ပြုလုပ်ရန် သတိမမေ့နဲ့” ဟု ညွှန်ကြားခဲ့သောကျောန့် ဖြစ်အယ်။

6 အားပေမဲ့ ဘုရားနဲ့ လူအကြားတွင် ယေရှု စီစဉ်ပေးအပ်လဲ့ ပဋိညာဉ်တရားဟ ပိုယွေ့ မြတ်သော ကတိတော်များအပေါ်တွင် အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက် ပိုမိုမြတ်သလို ယေရှု ထမ်းဆောင်ရလဲ့ ယဇ်ပုရောဟိတ် တာဝန်ဟလည်း အဲယဇ်ပုရောဟိတ်လို့ရဲ့ တာဝန်များထက် ရမ်းဆာ့ ကြီးမြတ်အယ်။

7 အကျောန်းမှာ ပထမ ပဋိညာဉ်နှိုက် အပစ်တင်ခွင့် မဆိခဲ့ရင် ဒုတိယ ပဋိညာဉ်ဟ လိုအပ်စရာအကျောန်း ဆိခဲ့မယ် မဟုတ်။

8 အားပေမဲ့ ဘုရားသခင်ဟ မိမိလူစုတော်အား အပစ်တင်ယွေ့

9 အဲပဋိညာဉ်ဟ သူလို့ရဲ့ ဘိုးဘေးများအား လက်ဆွဲယွေ့

10 နောင်ကာလနှိုက် ဣသရေလအမျိုးသားလို့နဲ့ ငါပြုမဲ့ ပဋိညာဉ်မှာ

11 စသူမျှ မိမိရဲ့ အမျိုးသားချင်းဟိုသော် လည်းကောင်း၊

12 ငါဟ သူလို့ရဲ့ မတရားမှုများအပေါ် ကရုဏာထားယွေ့

13 ဘုရားသခင်ဟ ဟေလို ပဋိညာဉ်သစ်အကျောန်းဟို မိန့်ခြင်းအားဖြင့် ပထမ ပဋိညာဉ်ဟို ဟောင်းနွမ်းစေအယ်၊ ဟောင်းနွမ်းလာသောအရာဟလည်း မကြာမီ ပျောက်ကွယ်သွားလိမ့်မယ်။

Ler em outra tradução

Comparar lado a lado