Salmos 82

BURCBCM

1 ဘုရားသခင်သည် ဓမ္မညီလာခံကြီးတွင် နေရာယူတော်မူ၏။ ကိုယ်တော်သည် ဘုရားများ၏အလယ်တွင် စီရင်ဆုံးဖြတ် တော်မူ၏။-

2 သင်တို့သည် မည်မျှကြာသည်အထိ မတရားစီရင်ဆုံးဖြတ်ကြ၍ ဆိုး ယုတ်သောသူတို့ကို မျက်နှာလိုက်ကြမည်နည်း။

3 အားနည်းသောသူတို့နှင့် ဖခင်မဲ့သောသူတို့ကို ကာကွယ်ကြလော့။ ဆင်းရဲသားတို့နှင့် ဖိနှိပ်ခံရသောသူတို့၏ အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်ကြလော့။-

4 အားနည်းသူတို့နှင့် ချို့တဲ့သူတို့ကို ကယ်ဆယ်ကြလော့။ ဆိုးယုတ်သောသူတို့၏လက်မှ သူတို့ကို လွတ်မြောက်စေကြလော့။

5 သူတို့သည် မည်သည့်အရာကိုမျှ မသိကြသကဲ့သို့ မည်သည့်အရာကိုမျှလည်း နားမလည်ကြပေ။ သူတို့သည် မှောင်မိုက်ထဲတွင် သွားလာလျက်ရှိကြ၏။ ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်အပေါင်းသည် တုန်လှုပ်ခဲ့လေပြီ။

6 ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏။ သင်တို့အားလုံးသည် အမြင့်ဆုံးသောအရှင်၏ သားများဖြစ်ကြ၏။-

7 သို့သော် သင်တို့သည် သာမန်လူသားများနည်းတူ သေကြရလိမ့်မည်။ အခြားသောအုပ်စိုးသူများနည်းတူ သင်တို့သည်လည်း ကျဆုံးကြရလိမ့်မည်။

8 အိုဘုရားသခင်၊ ကြွလာတော်မူ၍ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူပါ။ အကြောင်းမူကား လူမျိုးအပေါင်းတို့ကို ကိုယ်တော်ပိုင်ဆိုင်တော်မူပါ၏။

Ler em outra tradução

Comparar lado a lado