1 ထာ၀ရဘုရားသခင်၏အိမ်တော်တွင် ညအချိန်၌ အမှုတော်ထမ်းဆောင်ကြသော ကိုယ်တော်၏အစေခံအပေါင်းတို့၊ လာကြ၍ ထာ၀ရဘုရားသခင်အား ကောင်းချီးပေးကြလော့။-
2 သင်တို့၏လက်များကို သန့်ရှင်းရာဌာနသို့မြှောက်၍ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။
3 ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသော ထာ၀ရဘုရားသခင်သည် ဇီအွန်တောင်ပေါ်မှ သင်တို့ကို ကောင်းချီးပေးတော်မူပါစေသော်။