Salmos 100

BURCBCM

1 မြေကြီးသားအပေါင်းတို့၊ ထာ၀ရဘုရားသခင်ထံတော်သို့ ရွှင်လန်းဝမ်းမြောက်စွာ ဟစ်အော်ကြလော့။-

2 ထာ၀ရဘုရားသခင်ထံ၌ ဝမ်းမြောက်စွာ အမှုထမ်းကြလော့။ ရွှင်လန်းစွာသီချင်းဆိုလျက် အထံတော်သို့ဝင်ကြလော့။

3 ထာ၀ရဘုရားသခင်သည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို သိမှတ်ကြလော့။ ကိုယ်တော်သည် ငါတို့ကို ဖန်ဆင်းတော်မူသည်ဖြစ်၍ ငါတို့သည် ကိုယ်တော်ပိုင်ဆိုင်သောသူများ၊ ကိုယ်တော်၏လူမျိုးတော်နှင့် ကိုယ်တော်၏စားကျက်မှ သိုးများဖြစ်ကြ၏။

4 ကျေးဇူးတော်ကို ချီးမွမ်းလျက် ကိုယ်တော်၏တံခါးများထဲသို့ ဝင်ကြလော့။ ချီးမွမ်းထောမနာပြုလျက် ကိုယ်တော်၏ အိမ်တော်သို့ ဝင်ကြလော့။ ကိုယ်တော့်ကို ကျေးဇူးဆပ်တင်လျက် နာမတော်ကို ချီးမွမ်းထောမနာပြုကြလော့။

5 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည် အစဉ်တည်မြဲ၍ ကိုယ်တော်၏ သစ္စာတော်သည်လည်း လူမျိုးအဆက်ဆက် တည်ရှိတော်မူသောကြောင့်တည်း။

Ler em outra tradução

Comparar lado a lado