Provérbios 18

BURCBCM

1 တစ်ကိုယ်တည်းနေလေ့ရှိသောသူသည် မိမိ၏အလိုဆန္ဒကိုလိုက်၏။ သူသည် ကျိုးကြောင်းညီညွတ်သောဆုံးဖြတ် ချက်မှန် သမျှကို လက်မခံတတ်။-

2 မိုက်မဲသောသူသည် သိနားလည်ခြင်းကို မနှစ်သက်ဘဲ မိမိ၏သဘောထားကို ထုတ်ဖော်ပြောဆိုရန်သာ စိတ်အားထက် သန်၏။-

3 ဆိုးညစ်ယုတ်မာခြင်းရောက်လာ သည့်အခါ မထီမဲ့မြင်ပြုခြင်းလည်း ပါလာစမြဲဖြစ်၏။ ဂုဏ် ကျက်သရေကင်းမဲ့လာသည့်အခါ အရှက်ကွဲစရာလည်း ကြုံလာရစမြဲဖြစ်၏။-

4 လူ၏နှုတ်မှထွက်သောစကားများသည် သမုဒ္ဒရာရေကဲ့သို့ နက်သော်လည်း ဉာဏ်ပညာ၏ စမ်းရေတွင်းသည် ရေစီးနေသော ချောင်းကဲ့သို့ဖြစ်၏။-

5 တရားစီရင်ရာတွင် ဆိုးသွမ်းသောသူဘက်သို့ မျက်နှာ လိုက်ပြီး အပြစ်မဲ့သူအား တရားရှုံးစေခြင်းသည် မလုပ် ထိုက်သည့် အရာဖြစ်၏။-

6 မိုက်မဲသူ၏နှုတ်ခမ်းများသည် ခိုက်ရန်ဒေါသကို လှုံ့ဆော်ပေး၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကိုဖိတ်ခေါ်၏။-

7 မိုက်မဲသူသည် နှုတ်ကြောင့် ဘ၀ပျက်ရသကဲ့သို့ သူ၏နှုတ်ခမ်းသည်လည်း မိမိကိုယ်ကို ပြန်၍ကျော့ကွင်းထောင်မိလေ၏။-

8 ရန်တိုက်ပေး သောသူ၏စကားတို့သည် ချိုမြိန်သောစားဖွယ်ခဲဖွယ်ကဲ့ သို့ဖြစ်၍ ယင်းတို့သည် လူတစ်ဦး၏ခန္ဓာကိုယ်အတွင်း သို့ဝင်ရောက်၏။-

9 မိမိ၏အလုပ်တွင် ပျင်းရိသူသည် မိမိ၏လုပ်ငန်းကို ဖျက်ဆီးသောသူနှင့် ညီအစ်ကိုတော်၏။-

10 ထာ၀ရဘုရားသခင်၏နာမတော်သည် ခိုင်ခန့်သော ရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူသည် ထိုရဲတိုက်အတွင်း သို့ပြေးဝင်သောကြောင့် လုံခြုံစွာနေထိုင်ရ၏။-

11 ချမ်းသာ ကြွယ်၀သူ၏စည်းစိမ်ဥစ္စာသည် သူ၏အင်အားတောင့်တင်းသောမြို့ ဖြစ်၍ ခိုင်ခံ့မြင့်မားသောမြို့တံတိုင်းဖြင့် သူ့ ကိုကာကွယ်ထား၏။-

12 လူသည် ပျက်စီးခြင်းသို့မရောက် မီတွင် သူ၏စိတ်နှလုံးသည် မောက်မာတတ်၏။ သို့သော် ဂုဏ်ပြုခြင်းကိုခံယူလိုလျှင် မိမိ၏စိတ်ကိုနှိမ့်ချရ၏။-

13 မေးခွန်းကိုကောင်းစွာနားထောင်ခြင်းမပြုဘဲ အဖြေပေးခြင်းသည် မိုက်မဲခြင်းနှင့် အရှက်ကွဲခြင်းပင်ဖြစ်၏။-

14 လူတစ် ဦး၏စိတ်ဓာတ်သည် ရောဂါဝေဒနာဖိစီးမှုကို ကြံ့ကြံ့ခံနိုင်၏။ ကြေကွဲဝမ်းနည်းသောစိတ်ကိုမူကား မည်သူခံနိုင် မည်နည်း။-

15 သမ္မာသတိရှိသောသူ၏စိတ်နှလုံးသည် အတတ်ပညာကို ရယူဆည်းပူး၏။ ပညာရှိသောသူ၏ နားတို့သည်လည်း အသိပညာကိုရှာဖွေတတ်၏။-

16 လူကြီးထံသို့ဝင်လိုသောအခါ လက်ဆောင်ယူသွားသော သူသည် ထိုလက်ဆောင်အားဖြင့် လူကြီး၏ရှေ့မှောက် သို့ရောက် ရာ၏။-

17 တရားရုံးတွင် ဦးစွာထွက်ဆိုသောသူ သည် မှန်ကန်သည်ဟု ထင်ရတတ်၏။ သို့သော် သူ၏ တရားပြိုင်ရောက်လာ၍ ပြန်လည်မေးခွန်းထုတ်သော အချိန်အထိသာဖြစ်၏။-

18 မဲပေးခြင်းသည် အငြင်းပွားမှုများကို အဆုံးသတ်စေ၍ အင်အားကြီးသောပြိုင်ဘက်များကို ပြေငြိမ်းစေ၏။-

19 စော်ကားခံရသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ရိုးထက်ပင် ပိုမိုကြံ့ခိုင်၍ သင့်ကိုဟန့်တားလိမ့်မည်။ သူနှင့်အချင်းများခြင်း သည်လည်း ရဲတိုက်၏ သံတိုင်များနှင့်တူ၏။-

20 စကားပြောဆိုခြင်း၏ရလဒ်သည် လူတစ်ယောက်၏ဝမ်းကိုပြည့်စေ၏။ သူ၏နှုတ်ချိုမှုက သူ့ကိုအလိုပြည့်စေလိမ့်မည်။-

21 လျှာသည် အသက်ရှင် ခြင်းနှင့် သေခြင်းကို အစိုးရ၏။ လျှာကို နှစ်သက်သောသူတို့သည် ထိုလျှာ၏အကျိုးကျေးဇူးကို ခံစားကြရလိမ့် မည်။-

22 မယားတစ်ယောက်ကိုရသောသူသည် ပျော်ရွှင် ချမ်းမြေ့ခြင်းကို ရှာဖွေတွေ့ရှိသောသူဖြစ်၍ ထာ၀ရဘုရား သခင်ထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။-

23 ဆင်းရဲသောသူသည် သနားခြင်းကို တောင်းခံတတ်၏။ ချမ်းသာ ကြွယ်၀သောသူမူကား ကြမ်းတမ်းစွာ တုံ့ပြန်ပြောဆို တတ်၏။-

24 အပေါင်းအသင်းများစွာတို့သည် ပျက်စီးခြင်း သို့ပို့ဆောင်နိုင်၏။ သို့သော် ညီအစ်ကိုအရင်းထက်ပင် ပို၍ခင်မင်တွယ်တာရာ စစ်မှန်သောမိတ်ဆွေတစ်ဦးရှိ တတ်၏။

Ler em outra tradução

Comparar lado a lado