Provérbios 12

BURCBCM

1 သွန်သင်ဆုံးမမှုကို ချစ်မြတ်နိုးသူမှန်သမျှသည် အသိပညာကိုချစ်မြတ်နိုး၏။ ဆုံးမပဲ့ပြင်မှုကို လက်မခံသူမူကား မိုက်မဲ သူဖြစ်၏။-

2 ရိုးသားသောသူသည် ထာ၀ရဘုရားသခင်၏ရှေ့တော်၌မျက်နှာရလေ၏။ သို့သော် ကိုယ်တော်သည် ကောက်ကျစ်စဉ်းလဲသော သူကို ပြစ်ဒဏ်စီရင်တော်မူ၏။-

3 ဆိုးယုတ်သူတစ်ဦး၏ ဘ၀သည် ခိုင်ခံ့လုံခြုံမှုမရှိပေ။ သို့သော် ဖြောင့်မတ်သော သူတစ်ဦး၏ဘ၀သည် မည်သည့်အခါ မျှပြိုလဲလိမ့်မည် မဟုတ်။-

4 ကောင်းမြတ်သောဇနီးမယားသည် မိမိလင် ယောက်ျား၏သရဖူဖြစ်၏။ အရှက်အကြောက်ကင်းမဲ့ သောဇနီးမယားမူကား လင်ယောက်ျား၏အရိုးထဲတွင် ဆွေးမြည့်ခြင်းကိုဖြစ်စေ၏။-

5 ဖြောင့်မတ်သောသူတို့၏ အကြံအစည်တို့သည် တရားမျှတ၏။ ဆိုးယုတ်သောသူ တို့၏အကြံအစည်တို့သည်ကား ကောက်ကျစ်စဉ်းလဲလေ၏။-

6 ဆိုးယုတ်သောသူတို့၏နှုတ်ထွက်စကားများသည် သွေးထွက်သံယိုဖြစ်စေရန် ချောင်းမြောင်းနေ၏။ ဖြောင့်မတ်သော သူတို့၏နှုတ်သည်ကား လူတို့ကို ကယ်တင်၏။-

7 ဆိုးယုတ်သောသူတို့သည် နှိမ်နင်းခံရသောအခါ ပျောက်ကွယ်သွား၏။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်မူကား အစဉ်အမြဲတည်နေလိမ့်မည်။-

8 လူတစ်ဦးသည် မိမိ၏ဉာဏ်ပညာနှင့်ထိုက်တန်လျော်ညီစွာ ချီးမွမ်းခံရ၏။ စိတ်ထားယုတ်ညံ့သူတို့မှာမူကား ကဲ့ရဲ့ ပြစ် တင်ခြင်းခံရ၏။-

9 ဂုဏ်သရေရှိဟန်ဆောင်ပြီး စားစရာ မရှိသောသူထက် နှိမ့်ချစွာလုပ်ကိုင်စားသောက်သောသူ သည် သာ၍ကောင်း၏။-

10 ဖြောင့်မတ်သောသူသည် မိမိ၏တိရစ္ဆာန်များကို ကြည့်ရှုစောင့်ရှောက်၏။ ဆိုးယုတ် သောသူတို့မူကား ကြမ်းတမ်းရက်စက် ကြ၏။-

11 မိမိ၏ မြေယာကို ထွန်ယက်လုပ်ကိုင်သောသူသည် အစာရေစာကြွယ်၀လိမ့်မည်။ မိမိစိတ်ကူးပေါက်ရာကို လုပ်ကိုင်သော သူသည် ရူးမိုက်သောသူဖြစ်၏။-

12 ဆိုးယုတ်သော သူတို့သည် လူဆိုးလူမိုက်တို့၏ကျော့ကွင်းကို လိုလား တပ်မက်၏။ ဖြောင့်မတ်သောသူတို့၏အမြစ်မူကား အသီးကို ဖြစ်ထွန်းစေ၏။-

13 ဆိုးယုတ်သောသူသည် မိမိပရိယာယ်ဆင်ထားသည့်စကားတို့ဖြင့် ပြန်၍ချည်တုပ် ခံရတတ်၏။ ဖြောင့်မတ်သောသူမူကား ဘေးဒုက္ခမှ လွတ်မြောက်၏။-

14 လူသည် မိမိပြောသောစကားတို့၏ အကျိုးကျေးဇူးကို ကောင်းစွာခံစားရလိမ့်မည်။ လူတစ်ဦး ၏လုပ်ရပ်မှန်သမျှသည်လည်း သူ့ထံသို့ပြန်လာလိမ့်မည်။

15 မိုက်မဲသူသည် မိမိလုပ်သမျှမှန်သည်ဟု ယူဆလေ့ရှိ၏။ ပညာရှိမူကား အကြံပေးချက်ကို နားထောင်၏။-

16 မိုက်မဲသူသည် မိမိစိတ်အနှောင့်အယှက်ဖြစ်ရခြင်းကို ချက်ချင်းပြတတ်၏။ ပညာအလိမ္မာရှိသူမူကား မိမိအား စော်ကားသည် ကို လျစ်လျူရှုတတ်၏။-

17 အမှန်တရားကို ပြောဆိုသောသူသည် ရိုးသားစွာသက်သေခံ၏။ မုသား သက်သေခံသောသူကား လှည့်ဖြားပြောဆို တတ်၏။-

18 မဆင်မခြင်ပြောလေ့ရှိသူ၏စကားများသည် ဓားနှင့်ထိုးသကဲ့သို့ စူးနစ်နာကျင်စေ၏။ ပညာရှိ၏နှုတ်မှထွက်သော စကားမူကား ဝေဒနာကိုသက်သာပျောက်ကင်းစေ၏။-

19 သစ္စာစကားများသည် ထာ၀စဉ်တည်တံ့၏။ မုသားစကားတို့မှာမူ တစ်ခဏမျှသာတည်၏။-

20 မကောင်းကြံ စည်သူတို့၏ နှလုံးသားတွင် လိမ်လည်လှည့်ဖြားမှုရှိ၏။ ငြိမ်းချမ်းရေးကို အကြံပြုကြသောသူတို့မူကား ပျော်ရွှင် ချမ်းမြေ့မှုကိုရကြ၏။-

21 ဖြောင့်မတ်သောသူတို့အပေါ်သို့ မည်သည့်အန္တရာယ်မျှမကျရောက်ပေ။ ဆိုးယုတ်သော သူတို့မှာမူကား ဘေးဒုက္ခကို အပြည့်အဝခံစားကြရ၏။-

22 ထာ၀ရဘုရားသခင်သည် လိမ်ညာသောနှုတ်ခမ်းများကို စက်ဆုပ်မုန်းတီးတော်မူ၏။ သို့သော် ကိုယ်တော်သည် မှန်ကန်စွာပြောဆိုကျင့်ကြံသောသူတို့ကို နှစ်သက်မြတ် နိုးတော်မူ၏။-

23 အမြော်အမြင်ရှိသူသည် မိမိ၏အသိပညာကို လျှို့ဝှက်ထား၏။ မိုက်မဲသူတို့မူကား မိမိတို့၏အသိ ဉာဏ်ခေါင်းပါးခြင်းကို အများသိအောင်ထုတ်ဖော်ပြတတ်၏။-

24 လုံ့လဝီရိယရှိသူသည် အုပ်စိုးရလိမ့်မည်။ ပျင်း ရိသူမူကား ကျွန်ပြုခြင်းခံရလိမ့်မည်။-

25 ပူပင်တတ်သော နှလုံးသားသည် လူတစ်ဦးကို ဝန်လေးပင်ပန်းစေ၏။ သို့သော် ကြင်နာသောစကားတစ်ခွန်းသည် ထိုသူကို ရွှင်လန်းစေ၏။-

26 ဖြောင့်မတ်သူသည် မိမိ၏အဆွေခင်ပွန်းအား ကောင်းရာကို ညွှန်ပြ၏။ ဆိုးယုတ်သောသူမူကား မိမိ၏မိတ်ဆွေတို့ကို လမ်းမှားသို့ တွန်းပို့တတ်၏။-

27 ပျင်းရိသောသူသည် အမဲလိုက်ရာတွင် မိမိအတွက် သားကောင်ကိုမဖမ်းနိုင်ပေ။ လုံ့လဝီရိယရှိသူသည် ချမ်းသာ ကြွယ်၀မှုကို ပိုင်ဆိုင်လိမ့်မည်။-

28 ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ကိုလိုက်သောသူသည် အသက်ရှင်ခွင့်ရ၏။ ထိုသူတို့၏လမ်းစဉ်သည် သေခြင်းသို့ မရောက်။

Ler em outra tradução

Comparar lado a lado