Mateus 5

BURCBCM

1 ကိုယ်တော်သည် လူအစုအဝေးတို့ကိုမြင်လျှင် တောင်ပေါ်သို့တက်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ထိုင်တော်မူ သောအခါ တပည့်တော်တို့သည် အထံတော်သို့ စုဝေးလာကြ၏။-

2 ထိုအခါ ကိုယ်တော်သည် မိမိ၏နှုတ်တော်ကိုဖွင့်၍ သူတို့အား ဟောပြောသွန်သင်တော် မူသည်ကား၊

3 အတွင်းစိတ်၌ ဆင်းရဲသောသူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။

4 ဝမ်းနည်းငိုကြွေးသောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းခံကြရလိမ့် မည်။

5 စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား သူတို့သည် မြေကို အမွေခံ ကြရလိမ့်မည်။

6 ဖြောင့်မတ်ခြင်းတရားကို ဆာမွတ်တောင့်တသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် လိုအင် ဆန္ဒပြည့်၀ ကြလိမ့်မည်။

7 သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်း ခံကြရလိမ့်မည်။

8 စိတ်နှလုံးရိုးသားဖြူစင်သောသူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကို ဖူးမြင်ကြရလိမ့်မည်။

9 ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်သော သူ တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကားသူတို့သည် ဘုရားသခင် ၏သားများဟု အခေါ်ခံကြရလိမ့်မည်။

10 ဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းပန်းနှိပ်စက် ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်း မူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံ ဖြစ်၏။

11 လူတို့သည် ငါ့အတွက်ကြောင့် သင်တို့ကို စော်ကားညှဉ်းဆဲပြီး မဟုတ်မမှန်ဘဲ အမျိုးမျိုးပြစ်တင်ရှုတ်ချ ကြသောအခါ သင်တို့ သည် မင်္ဂလာရှိကြ၏။-

12 ရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြလော့။ အကြောင်းမူကား ကောင်း ကင်နိုင်ငံတော်၌ သင်တို့ခံစားရမည့်ဆုလာဘ်သည် ကြီး မားလှပေ၏။ သူတို့သည် သင်တို့မတိုင်မီရှိခဲ့သော ပရော ဖက်များကိုလည်း ဤနည်းတူညှဉ်းဆဲခဲ့ကြ၏။

13 သင်တို့သည် လောက၏ဆားဖြစ်ကြ၏။ ဆားမူ ကား ၎င်း၏အရသာကင်းမဲ့ခဲ့လျှင် ထိုအငန်ဓါတ်ကို မည်ကဲ့သို့ပြန် လည်ရရှိနိုင်မည်နည်း။ ၎င်းသည် မည်သို့ မျှအသုံးမဝင်တော့ဘဲ အပြင်သို့ပစ်လိုက်၍ လူတို့၏နင်း ခြေခြင်းခံရရုံသာ ရှိပေတော့မည်။

14 သင်တို့သည် လောက၏အလင်းဖြစ်ကြ၏။ တောင် ပေါ်တွင် တည်ထားသောမြို့ကို ဝှက်ကွယ်ထား၍မရနိုင်။-

15 မည်သူကမျှ ဆီမီးကိုထွန်း၍ တောင်းဇလားအောက်၌ ထားလေ့မရှိ။ ၎င်းကို ဆီမီးခုံပေါ် ၌သာတင်ကြသဖြင့် ၎င်း သည် အိမ်သူအိမ်သားအားလုံးကို အလင်းပေးလေ၏။-

16 ဤနည်းတူပင် လူတို့သည် သင်တို့၏ကောင်းသော အကျင့်များကိုမြင်ကြ၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သင် တို့၏အလင်းကို လူတို့ရှေ့တွင် ထွန်းလင်းစေကြလော့။

17 ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုပယ် ဖျက်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက် ခြင်းငှာမဟုတ်၊ ပြီးပြည့်စုံစေခြင်းငှာ ငါလာသတည်း။-

18 သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့် မြေ ကြီးပျောက်ကွယ်သွားသည့်တိုင်အောင် အရာအားလုံး ပြီးပြည့်စုံခြင်းသို့မရောက်မချင်း ပညတ်တရားကျမ်းမှ အငယ်ဆုံးသောစာလုံးတစ်လုံး၊ အသတ်အလပ်တစ်ခု မျှမကွယ်မပျောက်ရာ။-

19 ထို့ကြောင့် မည်သူမဆို ဤ အငယ်ဆုံးသောပညတ်တို့တွင် တစ်ပါးပါးကို ကိုယ်တိုင် ကျူးလွန်၍ အခြားသူတို့အားလည်း ထိုနည်းအတိုင်း သွန်သင်လျှင် ထိုသူသည် ကောင်း ကင်နိုင်ငံတော်တွင် အသိမ်ငယ်ဆုံးသောသူဟု အခေါ်ခံရလိမ့်မည်။ သို့ရာ တွင် မည်သူမဆို ပညတ်တော်များကို ကိုယ်တိုင်ကျင့်၍ အခြားသူတို့အားလည်း ကျင့်ရန်သွန်သင်လျှင် ထိုသူ သည် ကောင်းကင်နိုင်ငံတော်တွင် ကြီးမြတ်သောသူဟု အခေါ်ခံရလိမ့်မည်။-

20 အကြောင်းမူကား သင်တို့၏ဖြောင့် မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့ ထက်မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ကြရလိမ့်မည်မဟုတ်ဟု ငါဆို၏။

21 လူ့အသက်ကို မသတ်နှင့်။ သတ်သောသူသည် ရုံး ၌ အပြစ်စီရင်ခြင်းကိုခံထိုက်၏ဟူ၍ ရှေးလူကြီးတို့အား ပညတ်ထား ခဲ့သည် ကို သင်တို့ကြားခဲ့ရလေပြီ။-

22 သို့ရာ တွင် သင်တို့အား ငါဆိုသည်မှာ မည်သူမဆို မိမိ၏ညီ အစ်ကိုအပေါ် အမျက်ဒေါသ ထွက်လျှင် ရုံးတော်၌ အပြစ် စီရင်ခြင်း ကို ခံထိုက်၏။ မိမိ၏ညီအစ်ကိုအား အသုံးမကျ သူဟုခေါ်၍ ကဲ့ရဲ့စော်ကား သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိ၏ညီအစ်ကိုအား အရူး ဟုခေါ်သောသူသည် ဂေဟေ့နာမီးဒဏ် ကိုခံထိုက်၏။-

23 ထို့ကြောင့် သင်သည် သင်၏ပူဇော်သကာကို ယဇ်ပလ္လင် သို့ ယူဆောင်လာသောအခါ သင်၏ညီအစ်ကိုသည် သင့် ၌ အပြစ်တင်စရာတစ်စုံတစ်ခုရှိနေသည်ကို ထိုနေရာ၌ သတိရလျှင်၊-

24 သင်၏ပူဇော်သကာကို ယဇ်ပလ္လင်ရှေ့တွင် ထားခဲ့ပြီးလျှင် သွား၍ သူနှင့် သင့်မြတ်အောင် ပထမဦးစွာ ပြုလုပ် လော့။ ထို့နောက်မှ ပြန်လာ၍ သင်၏ပူဇော်သကာကို ဆက်ကပ်လော့။-

25 သင်သည် သင်၏တရားပြိုင်ဘက် နှင့်အတူ တရားရုံး သို့သွားနေစဉ် သူနှင့် ပြန်လည်သင့် မြတ်အောင် အလျင်အမြန်ပြုလော့။ ထိုသို့မပြုလျှင် သူ သည် သင့်ကို တရားသူကြီး၏လက်သို့အပ်လိမ့်မည်။ တရားသူကြီးသည်လည်း သင့်ကို မင်းမှုထမ်းလက်သို့ အပ်၍ အကျဉ်းချထားလိမ့်မည်။-

26 ထိုအခါ သင်သည်ပေးဆောင်ရမည့်ငွေကို အကုန်အစင်မပေးမချင်း ထောင်ထဲမှထွက်ရ လိမ့်မည်မဟုတ်ဟု သင့်အား ငါအမှန် ဆို၏။

27 တစ်ပါးသူ၏မယားကို မပြစ်မှားရဟူသောပညတ် စကားကို သင်တို့ကြားခဲ့ရလေပြီ။-

28 သို့သော် သင်တို့ အား ငါဆိုသည်မှာ အမျိုးသမီးတစ်ဦးအား ကိလေသာ စိတ်နှင့် တပ်မက် စွာကြည့်သောသူဟူသမျှသည် မိမိ၏ စိတ်နှလုံးတွင် ထိုအမျိုးသမီးကို ပြစ်မှားလေပြီ။-

29 အကယ် ၍ သင်၏လက်ယာမျက်စိသည် သင့်ကို အပြစ်ထဲသို့ကျ ရောက်စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ သင်၏ခန္ဓာ ကိုယ်တစ်ခုလုံး ငရဲသို့ချခြင်းခံရသည်ထက် ကိုယ်အင်္ဂါ တစ်ခုဆုံးရှုံးရ သည်က သာ၍ကောင်း၏။-

30 သင်၏လက် ယာလက်သည် သင့်ကို အပြစ်ထဲသို့ ကျရောက်စေလျှင် ထိုလက်ကို ဖြတ်၍ စွန့်ပစ်လော့။ သင်၏ခန္ဓာကိုယ်တစ်ခု လုံး ငရဲသို့သွားရသည်ထက် ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးရ သည်က သာ၍ကောင်း၏။

31 မည်သူမဆို မိမိ၏မယားနှင့်ကွာရှင်းလိုလျှင် ထိုသူသည် သူမကို ဖြတ်စာပေးစေဟူ၍လည်း အဆိုရှိ၏။-

32 သို့ သော် သင်တို့အား ငါဆိုသည်မှာ အိမ်ထောင်ရေးဖောက် ပြန်ခြင်း အကြောင်းမှလွဲ၍ မိမိ၏မယားကိုကွာရှင်းသော သူသည် သူမကို ဖောက်ပြန်ခြင်းသို့ရောက်စေ၏။ ကွာ ရှင်းထားသောအမျိုးသမီးကို လက်ထပ်ပေါင်းသင်းသော သူသည်လည်း သူ့မယားကို ပြစ်မှားရာရောက်၏။

33 တစ်ဖန် မမှန်ကန်သောကျိန်ဆိုခြင်းကိုမပြုနှင့်။ သင် ပြုခဲ့သောကတိသစ္စာကို ထာ၀ရဘုရားသခင်၏ရှေ့တော် ၌ တည်စေလော့ဟု ရှေးလူကြီးတို့အား ပညတ်ထားခဲ့သည်ကို သင်တို့ကြားခဲ့ရလေပြီ။-

34 သို့သော် သင်တို့အား ငါဆိုသည်မှာ ကျိန်ဆိုခြင်းအမှုကိုလုံး၀မပြုရ။ ကောင်း ကင်ကိုလည်း တိုင်တည်၍ မကျိန်ဆိုရ။ အကြောင်းမူ ကား ကောင်းကင်သည် ဘုရားသခင်၏ပလ္လင်တော်ဖြစ်၏။-

35 ကမ္ဘာမြေကြီးကိုလည်း တိုင်တည်၍ မကျိန်ဆိုရ။ အကြောင်းမူကား ကမ္ဘာမြေကြီးသည် ကိုယ်တော်၏ ခြေတင်ရာခုံဖြစ်၏။ ဂျေရုဆလင်မြို့တော်ကိုလည်း တိုင် တည်၍ မကျိန်ဆိုရ။ အကြောင်းမူကား ထိုမြို့သည် ကြီးမြတ်သောဘုရင်၏မြို့တော်ဖြစ်၏။-

36 သင်၏ဦးခေါင်းကို လည်း တိုင်တည်၍ မကျိန်ဆိုရ။ အကြောင်းမူကား ဆံ ခြည်တစ်ပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှာ သင်မတတ်နိုင်။-

37 သင်တို့ပြောဆိုသောအရာကို ဟုတ်လျှင် ဟုတ် သည်၊ မဟုတ်လျှင် မဟုတ်ပါဟု ပြောလော့။ ထို့ထက်ပို သောစကားသည် မကောင်းမှုမှ လာ၏။ လက်စားချေ ခြင်းမပြုအပ်ကြောင်း

38 မျက်စိအစား မျက်စိ၊ သွားအစား သွားဟူသော ပညတ်စကားရှိသည်ကို သင်တို့ကြားခဲ့ရလေပြီ။-

39 သို့ သော် သင်တို့အား ငါဆိုသည်မှာ ဆိုးယုတ်သောသူကို မတုံ့ပြန်ကြနှင့်။ တစ်စုံတစ်ယောက်သည် သင်၏ညာ ဘက်ပါးကိုရိုက် လျှင် ကျန်ပါးတစ်ဖက်ကိုလည်း သူ့ထံသို့လှည့်ပေးဦးလော့။-

40 တစ်စုံတစ်ယောက်သည် သင်၏ အင်္ကျီကိုရယူလို၍ သင့်ကိုတရားစွဲလျှင် သူ့အား သင်၏ဝတ်ရုံကိုလည်း ယူစေလော့။-

41 တစ်စုံတစ်ယောက်သည် သင့်ကိုအနိုင်အထက်ပြု၍ ခရီးတစ်မိုင်သွားစေလျှင် ထိုသူနှင့်အတူ ခရီးနှစ်မိုင်သွားလော့။-

42 သင့်ထံ၌ တောင်းခံ သောသူအား ပေးကမ်းလော့။ သင့်ထံမှ ချေးငှားလိုသော သူကိုလည်း မငြင်းပယ်လေနှင့်။

43 သင်နှင့် နီးစပ်သောသူကိုချစ်လော့။ သင်၏ရန်သူ ကိုမုန်းလော့ဟူသောပညတ်စကားရှိသည်ကို သင်တို့ကြားခဲ့ရလေပြီ။-

44 သို့သော် သင်တို့အား ငါဆိုသည်မှာ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို နှိပ်စက် ညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။-

45 သို့မှသာ သင်တို့သည် ဆိုးသူနှင့် ကောင်းသူတို့အပေါ်၌ မိမိ၏နေကိုထွက်စေတော်မူ၍ ဖြောင့်မတ်သူ၊ မဖြောင့် မတ်သူတို့အပေါ်သို့ မိုးကို ရွာစေတော်မူသော၊ ကောင်း ကင်ဘုံ၌ ရှိတော်မူသည့် သင်တို့အဖ၏သားသမီးများဖြစ်ကြလိမ့်မည်။-

46 အကြောင်းမူကား သင်တို့သည် မိမိ တို့အား ချစ်သောသူများကိုသာ ချစ်ကြပါမူ အဘယ်အကျိုးကိုခံစားရမည်နည်း။ အခွန်ခံ သောသူများပင်လျှင် ထိုနည်းတူပြုမူကြသည်မဟုတ်လော။-

47 သင်တို့၏ညီ အစ်ကိုများကိုသာ သင်တို့နှုတ်ဆက်ကြလျှင် သင်တို့ သည် အခြားသူများထက် မည်သည့်ထူးခြားချက်ကိုပြု သနည်း။ လူမျိုးခြားတို့ပင်လျှင် ထိုနည်းတူပြုမူကြသည် မဟုတ်လော။-

48 ထို့ကြောင့် ကောင်းကင်ဘုံ၌ရှိသော သင်တို့၏အဖသည် ကောင်းမွန်ပြည့်စုံတော်မူသည့်နည်းတူ သင်တို့သည် လည်း ကောင်းမွန် ပြည့်စုံခြင်းရှိကြလော့။

Ler em outra tradução

Comparar lado a lado