Mateus 25

BURCBCM

1 ထိုကာလ၌ ကောင်းကင်နိုင်ငံတော်သည်ကား မင်္ဂလာဆောင်သတို့သားအား ကြိုဆိုရန် မိမိတို့၏မီးခွက်များ ကိုယူ၍ ထွက်သွားကြသောသတို့သမီးအရံ ဆယ်ဦးနှင့် တူလိမ့်မည်။-

2 ထိုသူတို့ထဲတွင် ငါးဦးသည် မိုက်မဲ၍ ကျန်ငါးဦးသည် ပညာသတိရှိကြ၏။-

3 မိုက်မဲ သောသူငါးဦးတို့သည် မီးခွက်ကိုယူ၍ ဆီကိုမယူမိခဲ့ကြ ချေ။-

4 ပညာသတိရှိသောသူတို့မူကား မီးခွက်နှင့်တကွ ဆီကိုလည်း ဘူးတွင်ထည့်၍ ယူခဲ့ကြ၏။-

5 မင်္ဂလာဆောင် သတို့သားရောက်လာရန် ကြန့်ကြာနေသောကြောင့် သူတို့အားလုံးသည် ငိုက်မျဉ်း၍ အိပ်ပျော်ကြကုန်၏။-

6 သို့ သော် သန်းခေါင်ယံ၌ မင်္ဂလာဆောင်သတို့သားရောက် လာပြီ၊ သူ့ကို ကြိုဆိုရန် ထွက်ခဲ့ကြလော့ဟူသော ကြွေး ကြော်သံထွက်ပေါ်လာလေ၏။-

7 ထိုအခါ သတို့သမီးအရံ အားလုံးတို့သည် ထကြ၍ မိမိတို့၏ဆီမီးခွက်များကို ပြင်ဆင်ကြ၏။-

8 မိုက်မဲသောသူတို့က ငါတို့၏ဆီမီးခွက် များငြိမ်းတော့မည်ဖြစ်၍ သင်တို့ ၏ဆီတချို့ကို ငါတို့အား ပေးကြပါဟု ပညာသတိရှိသောသူတို့ထံ တောင်းခံကြ ၏။-

9 သို့သော် ပညာသတိရှိသောသူတို့က ငါတို့နှင့် သင် တို့အတွက် ဆီမလုံမလောက်ဖြစ်ကောင်းဖြစ်လိမ့်မည်၊ ဆီရောင်းသူတို့ထံသာ သွားကြ၍ သင်တို့အတွက် ဝယ် ကြပါလော့ဟု ပြန်ပြောကြ၏။-

10 ထိုသူတို့သည်လည်း ဆီဝယ်ရန်သွားစဉ်တွင် မင်္ဂလာဆောင်သတို့သားရောက် လာသဖြင့် အသင့်ရှိနေသော သတို့သမီးအရ ံတို့သည် သူနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ ဝင်သွားကြပြီး တံခါး သည်လည်း ပိတ်သွားလေ၏။-

11 ထို့နောက် ကျန်နေသော သတို့သမီးအရံတို့သည် ရောက်လာကြ၍ သခင်၊ သခင်၊ အကျွန်ုပ်တို့အား တံခါးဖွင့်ပေးပါဟု ဆိုကြ၏။-

12 သို့သော် သူက သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့ကို ငါမသိဟု ပြန်ပြောလေ၏။-

13 ထို့ကြောင့် သတိနှင့်စောင့် နေကြလော့။ အကြောင်းမူကား သင်တို့သည် နေ့ရက်နှင့် အချိန်နာရီကို မသိကြ။

14 ကောင်းကင်နိုင်ငံတော်သည်ကား ခရီးမထွက်မီ အစေခံများကိုခေါ်၍ မိမိ၏ဥစ္စာများကို သူတို့ထံသို့အပ် နှံခဲ့သူတစ်ဦး နှင့်တူ၏။-

15 သူသည် အစေခံအသီးသီးတို့၏ အရည်အချင်းအလိုက် တစ်ဦးကိုငွေသားအချိန်ငါးတာ လင်၊ အခြားတစ်ဦးကို နှစ်တာလင်၊ ကျန်တစ်ဦးကို တစ် တာလင်ပေးအပ်ပြီးနောက် ခရီးထွက်သွားလေ၏။-

16 ငွေ အချိန်ငါးတာလင်ကို လက်ခံရရှိသောသူသည် ချက်ချင်း သွား၍ ကူးသန်း ရောင်းဝယ်ရာ နောက်ထပ်ငါးတာလင်ကို အမြတ်ရရှိလေ၏။-

17 ထို့အတူ နှစ်တာလင်ကိုလက်ခံရရှိ သောသူသည်လည်း နောက်ထပ်နှစ်တာလင် အမြတ်ရ ရှိလေ၏။-

18 ငွေအချိန်တစ်တာလင်ရရှိသောသူမူကား ထွက်သွားပြီးလျှင် မြေ၌ တွင်းတူး၍ မိမိသခင်၏ငွေကို ဝှက်ထားလေ၏။-

19 ကာလအတန်ကြာသော် ထိုအစေခံ တို့၏သခင်သည် ပြန်လာ၍ သူတို့နှင့်စာရင်းရှင်းလေ၏။-

20 ငွေအချိန် ငါးတာလင်ကို လက်ခံရရှိခဲ့သောသူသည် နောက်ထပ်ငါးတာလင်ကို ယူဆောင်လာလျက် ချဉ်းကပ် ပြီး သခင်၊ အကျွန်ုပ်အား သခင်သည် ငွေအချိန်ငါးတာ လင်ပေးအပ်ခဲ့ပါ၏။ ကြည့်ပါ၊ အကျွန်ုပ်သည် နောက်ထပ် ငါးတာလင်ကို အမြတ်ရခဲ့ပါပြီဟု ပြောဆိုလေ၏။-

21 သူ၏ သခင်က ကောင်းလေစွ၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် အနည်းငယ်သောအမှုတို့၌ သစ္စာရှိသော ကြောင့် များစွာသောအမှုအရာတို့ကို သင့်အား ငါပေးအပ် မည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ခံစားလော့ဟု ဆိုလေ၏။-

22 ငွေအချိန်နှစ်တာလင်ကို ရရှိခဲ့သောသူသည် လည်း ချဉ်းကပ်၍ သခင်၊ အကျွန်ုပ်အား သခင်သည် ငွေ အချိန်နှစ်တာလင် ပေးအပ်ခဲ့ပါ၏။ ကြည့်ပါ၊ အကျွန်ုပ်သည် နောက်ထပ်နှစ်တာလင်ကို အမြတ်ရပါပြီဟုဆိုလေ၏။-

23 သူ၏သခင်ကလည်း ကောင်းလေစွ၊ သစ္စာရှိသောငယ် သားကောင်း၊ သင်သည် အနည်းငယ်သောအမှုတို့၌ သစ္စာရှိသောကြောင့် များစွာသောအမှုအရာတို့ကို သင့် အား ငါပေးအပ်မည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ခံစားလော့ဟု ဆိုလေ၏။-

24 ငွေအချိန်တစ်တာလင် ကို လက်ခံရရှိသောသူမူကား ချဉ်းကပ်၍ သခင်၊ သခင် သည် ခက်ထန်သောသူဖြစ်သည်နှင့်အညီ မိမိမစိုက်ပျိုး သောအရပ်၌ရိတ်သိမ်းတတ်ပြီး မိမိမကြဲသောအရပ်၌ စုသိမ်းတတ်ကြောင်းကို အကျွန်ုပ်သိသဖြင့်၊-

25 ကြောက် သောကြောင့် သခင်၏ငွေအချိန်တစ်တာလင်ကို မြေကြီး ထဲ၌ ဝှက်ထားပါသည်။ ကြည့်ပါ၊ သခင်၏ငွေရှိပါသည် ဟုဆိုလေ၏။-

26 သို့သော် သူ၏သခင်က ထိုသူအား ဆိုး မိုက်ပျင်းရိသောငယ်သား၊ ငါမစိုက်ပျိုးသောနေရာ၌ ငါရိတ်၍ ငါမကြဲသော နေရာ၌ ငါစုသိမ်းတတ်ကြောင်းကို သင်သိ၏။-

27 သို့ဖြစ်လျှင် သင်သည် ငါ၏ငွေကို ငွေတိုးပေး သူတို့၏လက်သို့ အပ်သင့်၏။ ဤနည်းဖြင့် ငါပြန်လာ သောအခါ ငါ၏ငွေရင်းနှင့် တကွ အတိုးကိုလည်း ငါရနိုင် လိမ့်မည်။-

28 ထို့ကြောင့် ငွေအချိန်တစ်တာလင်ကို ထိုသူ့ ထံမှပြန်ယူ၍ အချိန်တစ်ဆယ်တာ လင်ရှိသော သူအား ပေးကြလော့။-

29 အကြောင်းမူကား ရှိသောသူတိုင်းအား ထပ်၍ပေးသဖြင့် ထိုသူ၌ ပိုလျှံနေလိမ့်မည်။ မရှိသောသူ ထံမှမူကား သူ့ ၌ ရှိသမျှကိုပင် နုတ်ယူသွားလိမ့်မည်။-

30 အသုံးမကျသော ထိုအစေခံကိုလည်း အပြင်ဘက်မှောင် မှိက်ထဲသို့ ထုတ်လိုက်ကြလော့။ ထိုနေရာ၌ လူတို့သည် ငိုကြွေး၍ အံကြိတ်ကြရလိမ့်မည်ဟု ဆိုလေ၏။

31 လူသားသည် မိမိ၏ဘုန်းဂုဏ်တော်၌ ကောင်းကင် တမန်တော်များနှင့်အတူ ကြွလာသောအခါ သူသည် ဘုန်းကျက် သရေရှိသောပလ္လင်တော်ပေါ်၌ ထိုင်တော်မူ လိမ့်မည်။-

32 ထို့နောက် ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေပြီး သိုးထိန်းသည် သိုးတို့ကို ဆိတ်တို့ထံမှ ခွဲခြား သကဲ့သို့ သူသည် ၎င်းတို့ကို သီးခြားစီခွဲထားတော်မူလိမ့် မည်။-

33 ထိုအခါ သူသည် သိုးတို့ကို မိမိ၏လက်ယာဘက် ၌လည်းကောင်း၊ ဆိတ်တို့ကိုမူ မိမိ၏လက်ဝဲဘက်၌ လည်းကောင်း ထားတော်မူလိမ့်မည်။-

34 ထို့နောက် ဘုရင် သည် မိမိ၏လက်ယာဘက်၌ရှိသောသူတို့အား ငါ၏ ခမည်းတော်ထံမှကောင်းချီးမင်္ဂလာခံရသောသူတို့၊ လာ ကြလော့။ ကမ္ဘာဦးကပင် သင်တို့အတွက် ပြင်ဆင်ထား သောနိုင်ငံတော်ကိုအမွေခံကြလော့။-

35 အကြောင်းမူ ကား ငါသည် ဆာလောင်သောအခါ သင်တို့ သည် ငါ့အား စားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့ သည် ငါ့အား သောက်ရေကိုပေးကြ၏။ ငါသည် သူစိမ်း ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့အား ပျူငှာစွာကြို ဆိုကြ၏။-

36 ငါ၌အဝတ်မရှိသောအခါ သင်တို့သည် ငါ့ကို အဝတ်နှင့် လွှမ်းခြုံပေးကြ၏။ ငါသည် ဖျားနာသောအခါ သင်တို့သည် ငါ့ကိုကြည့်ရှုကြ၏။ ငါသည် ထောင်ထဲ၌ ရှိနေသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟု မိန့် တော်မူလိမ့်မည်။-

37 ထိုအခါ ဖြောင့်မတ်သောသူတို့က အရှင်၊ ကိုယ်တော်ဆာလောင်နေသည်ကို မည်သည့် အခါ၌ အကျွန်ုပ်တို့မြင်ရ၍ ကိုယ်တော့်ကို ကျွေးမွေးခဲ့ပါ သနည်း။ သို့မဟုတ် ကိုယ်တော်ရေငတ်နေသည်ကို မည် သည့်အခါ၌မြင်၍ ကိုယ်တော်အား သောက်စရာကိုပေး ခဲ့ပါသနည်း။-

38 ထို့အတူ ကိုယ်တော်ဧည့်သည်ဖြစ်သည် ကို မည်သည့်အခါ၌ အကျွန်ုပ်တို့မြင်၍ ကိုယ်တော်အား ပျူငှာစွာကြိုဆိုခဲ့ပါသနည်း။ သို့မဟုတ် ကိုယ်တော်၌ အဝတ်မရှိသည်ကို မည်သည့်အခါ၌မြင်ရ၍ ကိုယ်တော် အား အဝတ်နှင့်လွှမ်းခြုံပေးခဲ့ပါသနည်း။-

39 ကိုယ်တော်ဖျား နာသည်ကိုလည်းကောင်း၊ ထောင်ထဲမှာနေရသည်ကို လည်းကောင်း မည်သည့်အခါ၌ အကျွန်ုပ်တို့မြင်ရ၍ အထံတော်သို့လာရောက်ကြည့်ရှုကြပါသနည်းဟု ပြန် ၍လျှောက်ထားကြလိမ့်မည်။-

40 ထိုအခါ ဘုရင်က သင်တို့ အား ငါအမှန်ဆိုသည်ကား အသိမ်ငယ်ဆုံးသော ဤငါ၏ ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုခဲ့ကြလျှင် ငါ့ကို ပင် ပြုစုကြပြီဟု သူတို့အား ပြန်ပြောတော်မူလိမ့်မည်။

41 ထို့နောက် သူသည် မိမိ၏လက်ဝဲဘက်၌ ရှိသော သူတို့အား ကျိန်ဆိုခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ နတ်ဆိုးနှင့် သူ၏တမန်များအဖို့ ပြင်ထားသောထာ၀ရ မီးထဲသို့သွားကြ လော့။-

42 အကြောင်းမူကား ငါသည် ဆာ လောင်သောအခါ သင်တို့သည် ငါ့အား စားစရာမပေး။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့အား သောက် စရာမပေး။-

43 ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင် တို့သည် ငါ့အား ပျူငှာစွာမကြိုဆိုကြ။ ငါ၌အဝတ်မရှိသော အခါ သင်တို့သည် ငါ့ကိုအဝတ်မပေးကြ။ ငါဖျားနာသော အခါနှင့်ငါထောင်ကျနေသောအခါတို့တွင်လည်း သင်တို့သည် ငါ့အား မကြည့်ရှုကြ ဟုမိန့်တော် မူလိမ့်မည်။-

44 ထို အခါ သူတို့ကလည်း အရှင်၊ ကိုယ်တော်သည် ဆာလောင် တော်မူသည်၊ ရေငတ်တော်မူသည်၊ သူစိမ်းဧည့်သည်ဖြစ် တော်မူ သည်၊ ကိုယ်၌အဝတ်ကင်းမဲ့တော်မူသည်၊ ဖျားနာ တော်မူသည်၊ ထောင်ကျတော်မူသည်တို့ကို အကျွန်ုပ်တို့ မည်သည့်အခါ၌မြင်ရ၍ ကိုယ်တော်အား မပြုစုဘဲနေပါ သနည်းဟု မေးလျှောက်ကြလိမ့်မည်။-

45 ထိုအခါ ဘုရင်က သင်တို့အား ငါအမှန်ဆိုသည်ကား အသိမ်ငယ်ဆုံးသော ဤသူတို့တွင် တစ်ဦးကိုမျှ သင်တို့သည် မပြုစုကြလျှင် ငါ့ကိုလည်း မပြုစုကြဟု မိန့်တော်မူလိမ့်မည်။-

46 ဤသူတို့ သည် ထာ၀ရအပြစ်ဒဏ်ခံကြရ၍ ဖြောင့်မတ်သောသူ တို့မူကား ထာ၀ရအသက်ရှင်ခြင်းသို့ ဝင်ရောက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။

Ler em outra tradução

Comparar lado a lado