Mateus 17

BURCBCM

1 ထိုမှခြောက်ရက်လွန်မြောက်သောအခါ ယေဇူးသည် ပေတရု၊ ယာကုပ်နှင့် သူ၏ညီ ယောဟန် တို့ကို မိမိနှင့်အတူခေါ် ၍ ဆုတောင်းရန် မြင့်မားသော တောင်ပေါ် ရှိ ဆိတ်ကွယ်ရာအရပ်သို့ တက်တော်မူ၏။-

2 ကိုယ်တော်သည် သူတို့ရှေ့တွင် အဆင်းသဏ္ဌာန်ပြောင်း လဲတော်မူသဖြင့် မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်း တောက်ပ၍ အဝတ်တော်တို့သည် စူးရှသောအလင်းကဲ့ သို့ ဖြူဖွေးနေ၏။-

3 ထို့နောက် မိုးဇက်နှင့် ဧလိယတို့သည် သူတို့ရှေ့တွင်ပေါ်လာ၍ ကိုယ်တော်နှင့်စကားပြောနေ ကြ၏။-

4 ထိုအခါ ပေတရုက ယေဇူးအား သခင်ဘုရား၊ ဤအရပ်သည် တပည့်တော်တို့အဖို့ အလွန်နေစရာ ကောင်းပါ၏။ ကိုယ်တော် အလိုတော်ရှိလျှင် ကိုယ်တော် အတွက် တဲတစ်ဆောင်၊ မိုးဇက်အတွက် တဲတစ်ဆောင်၊ ဧလိယအတွက် တဲတစ်ဆောင်ကို တပည့် တော်ဆောက် လုပ်ပါမည်ဟု လျှောက်လေ၏။-

5 ဤသို့လျှောက်ထားစဉ် တွင် တောက်ပသောတိမ်တိုက်တစ်ခုသည် သူတို့ကိုဖုံး လွှမ်း၍ တိမ်တိုက်ထဲမှအသံ ထွက်ပေါ်လာသည် ကား ဤသူသည် ငါအလွန်နှစ်သက်မြတ်နိုးရာ ငါ၏ချစ်သား ပေတည်း၊ သူ့ကို နာခံကြလော့ဟူ၍ဖြစ်၏။-

6 တပည့် တော်တို့သည်လည်း ထိုအသံကိုကြားသောအခါ လွန်စွာ ကြောက်ရွံ့သဖြင့် မြေပေါ်တွင် ပျပ်ဝပ်နေကြ၏။-

7 သို့ရာ တွင် ယေဇူးသည် ချဉ်းကပ်၍ သူတို့အား တို့ထိလျက် ထကြလော့၊ မကြောက်ကြနှင့်ဟု မိန့်တော်မူ၏။-

8 သူတို့ သည် မော်၍ကြည့်ကြသောအခါ ယေဇူးမှတစ်ပါး မည် သူ့ကိုမျှ မမြင်ကြချေ။

9 သူတို့သည် တောင်ပေါ်မှဆင်းလာကြသောအခါ ယေဇူးက လူသားသည် သေခြင်းမှထမြောက်သည့်တိုင် အောင် ဤအခြင်းအရာ ကို မည်သူ့အားမျှ မပြောကြနှင့် ဟု တပည့်တော်တို့အား မိန့်မှာတော်မူ၏။

10 တပည့်တော်တို့ကလည်း ဤသို့ဖြစ်လျှင် ဧလိယသည် ဦးစွာပထမလာရမည်ဟု ကျမ်းတတ်ဆရာတို့က အဘယ်ကြောင့်ဆိုပါ သနည်းဟု ကိုယ်တော်အား မေး လျှောက်ကြလျှင်၊-

11 ကိုယ်တော်က ဧလိယသည် ဦးစွာ လာ၍ ခပ်သိမ်းသောအရာတို့ကိုပြန်လည်တည်ထောင် ရမည်မှာ မှန်၏။-

12 သင်တို့အား ငါဆိုသည်ကား ဧလိယ သည် ကြွလာခဲ့ပြီ။ သို့ရာတွင် လူတို့သည် သူ့ကိုမသိကြ သဖြင့် သူ့အား မိမိတို့ပြုချင်ရာ ပြုခဲ့ကြလေပြီ။ ထိုနည်းတူ လူသားသည်လည်း ထိုသူတို့၏လက်တွင် ဒုက္ခဝေဒနာ ခံရလိမ့်မည်ဟုမိန့်တော်မူလေ၏။-

13 ထိုအခါ ကိုယ်တော် သည် ယောဟန်ဘတ္တိဇံအား ရည်မှတ်၍ မိန့်တော်မူ ကြောင်းကို တပည့်တော်တို့နားလည်လာကြလေ၏။

14 ကိုယ်တော်နှင့် တပည့်တော်တို့သည် လူအစုအဝေး ရှိရာသို့ရောက်လာကြသောအခါ လူတစ်ယောက်သည် အထံတော်သို့ ရောက်လာ၍ ကိုယ်တော်၏ရှေ့တော်၌ ဒူးထောက်လျက်၊-

15 သခင်ဘုရား၊ အကျွန်ုပ်၏သားကို သနားတော်မူပါ။ သူသည် ဝက်ရူးနာစွဲသူတစ်ယောက် ဖြစ်၍ ထိုရောဂါကို ပြင်းထန်စွာ ခံစားနေရပါ၏။ သူသည် မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း အကြိမ် ကြိမ်ကျပါ၏။-

16 အကျွန်ုပ်သည် သူ့ကို ကိုယ်တော်၏ တပည့်တော်များထံသို့ ခေါ်ဆောင်ခဲ့သော်လည်း သူတို့သည် သူ၏ရောဂါပျောက် ကင်းစေ ရန် မတတ်စွမ်းနိုင်ကြ ပါဟု လျှောက်လေ၏။-

17 ထိုအခါ ယေဇူးက အိုယုံကြည် ခြင်းကင်းမဲ့၍ ဆိုးမိုက်သောလူမျိုးဆက်၊ ငါသည် သင်တို့ နှင့် မည်မျှကြာအောင်နေရမည်နည်း၊ မည်မျှကြာအောင် သင်တို့ကို သည်းခံရမည်နည်းဟုဆိုပြီးမှ သူ့ကို ငါ့ထံသို့ ခေါ်ဆောင်ခဲ့လော့ဟု မိန့်တော်မူ၏။-

18 ယေဇူးသည်လည်း သူ့အား ကြိမ်းမောင်းတော်မူလျှင် နတ်ဆိုးသည် သူ့ထံမှ ထွက်ခွာသွားသဖြင့် လူငယ်သည် ချက်ချင်းပင် ရောဂါ ပျောက်ကင်းလေ၏။

19 ထိုအခါ တပည့်တော်တို့သည် ယေဇူးထံသို့ တိတ်တဆိတ်ချဉ်းကပ်၍ တပည့်တော်တို့သည် နတ်ဆိုးကို အဘယ်ကြောင့် နှင်ထုတ်၍ မရနိုင်ပါသနည်းဟု မေးလျှောက်ကြ၏။-

20 ယေဇူးကလည်း သင်တို့၌ ယုံကြည် ခြင်းအားနည်းသောကြောင့်တည်း။ သင်တို့အား ငါအမှန် ဆိုသည်ကား သင်တို့တွင် မုန်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်းရှိပါလျှင် ဤတောင်ကို ဤနေရာမှ ထိုနေရာ သို့ ပြောင်းရွှေ့လော့ဟုဆိုလျှင် ၎င်းသည် ပြောင်းရွှေ့လိမ့် မည်။ သင်တို့မတတ်နိုင်သောအရာလည်း ရှိလိမ့်မည် မဟုတ်။-

21 သို့သော် ဤနတ်ဆိုးမျိုးကိုမူကား ဆုတောင်း ခြင်းနှင့် အစာရှောင်ခြင်းဖြင့်သာလျှင် နှင်ထုတ်နိုင်သည် ဟု သူတို့အား မိန့်တော်မူ၏။

22 သူတို့သည် ဂါလေလေးယနယ်တွင်ရှိကြစဉ် ယေဇူး က လူသားသည် လူတို့၏လက်သို့အပ်နှံခြင်းခံရလိမ့် မည်။-

23 သူတို့သည် သူ့ကိုသတ်ကြလိမ့်မည်။ ထို့နောက် သူသည် သုံးရက်မြောက်သောနေ့တွင် သေခြင်းမှရှင်ပြန် ထမြောက်လိမ့်မည်ဟု တပည့်တော်တို့အား မိန့်တော်မူ ၏။ တပည့်တော်တို့သည်လည်း အလွန်ဝမ်းနည်းကြ၏။

24 သူတို့သည် ကာဖာနာအုမ်မြို့သို့ရောက်ကြသော အခါ ဗိမာန်တော်အတွက် အခွန်ကောက်ခံသူများသည် ပေတရုထံသို့လာ၍ သင်တို့၏ဆရာသည် ဗိမာန်တော် ခွန်ကို မပေးဆောင်သလောဟု မေးကြ၏။-

25 ပေတရုက လည်း ပေးဆောင်ပါသည်ဟုဆို၏။ ထို့နောက် ပေတရု သည် အိမ်ထဲသို့ဝင်သောအခါ ယေဇူးက စတင်၍ စီမွန်၊ သင်မည်သို့ထင်မြင်သနည်း။ လောကီဘုရင်တို့သည် မည်သူ့ထံမှ အခွန်ကောက်ခံကြသနည်း။ သူတို့၏သား များထံမှလော၊ သူတစ်ပါးတို့ထံမှလောဟု မေးတော်မူ လျှင်၊-

26 ပေတရုက သူတစ်ပါးတို့ထံမှ ကောက်ခံကြပါ သည်ဟု ပြန်လျှောက်လေ၏။ ယေဇူးက ဤသို့ဖြစ်လျှင် သားတို့သည် အခွန်လွတ်ငြိမ်းခွင့်ရကြ၏။-

27 သို့သော် သူတို့၏စိတ်မငြိုငြင်စေရန် သင်သည် ပင်လယ်သို့သွား ၍ ငါးကိုမျှားလော့။ ဦးစွာမိသောငါး၏ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကိုတွေ့ရလိမ့်မည်။ ထိုငွေကို ယူ၍ သင် နှင့် ငါ့အတွက် အခွန်တော်ကို သူတို့အား ပေးဆောင် လော့ဟု မိန့်တော်မူ၏။

Ler em outra tradução

Comparar lado a lado