Mateus 1

BURCBCM

1 အာဘရာဟံ၏သားနှင့် ဒါဝိဒ်၏သားဖြစ်တော်မူသော ယေဇူးခရစ်တော်၏ဆွေတော်စဉ်မျိုး တော်ဆက်ကားဤသို့ဖြစ် သတည်း။

2 အာဘရာဟံ၏သား အီဇတ်၊ အီဇတ်၏သား ယာ ကုပ်၊ ယာကုပ်၏သားများမှာ ဂျုဒနှင့် ညီအစ်ကိုတစ်စုတို့ ဖြစ်ကြ၏။-

3 ဂျုဒတွင် တာမာမှဖွားမြင်သောသား ပေရက် နှင့် ဇာရ၊ ပေရက်၏သား ဟေဇရွန်၊ ဟေဇရွန်၏သား

4 အာ ရမ်၊- အာရမ် ၏သား အာမိနာဒဗ်၊ အာမိနာဒဗ်၏သား

5 နာရွှန်၊ နာရွှန်၏သား ဆာလမွန်၊- ဆာလမွန်တွင် ရာဟပ် မှဖွားမြင်သောသား ဘို့ဇ်၊ ဘို့ဇ် တွင် ရုသမှဖွားမြင်သော

6 သား အိုဘက်၊ အိုဘက်၏သား ဂျက်ဆေ၊- ဂျက်ဆေ၏ သားကား ဒါဝိဒ်မင်းကြီး ဖြစ်သတည်း။ ဒါဝိဒ်မင်းကြီးတွင် ဥရိယ၏ဇနီးဖြစ်ခဲ့ဖူးသည့်မိန်းမမှ ဖြစ် ကြ၏။-

7 ဖွားမြင်သောသား ဆောလမွန်၊- ဆောလမွန်၏သား ရေဟိုးဘိုအမ်၊ ရေဟိုးဘိုအမ်၏သား အာဘီဂျ၊ အာဘီဂျ၏သား အာဆ၊-

8 အာဆ၏သား ဂျေဟိုးရှဖတ်၊ ဂျေဟိုးရှဖတ်၏သား ဂျော်ရမ်၊ ဂျော်ရမ်၏သား ဦဇီယ၊-

9 ဦဇီယ၏ သား ဂျိုသမ်၊ ဂျိုသမ်၏သား အာဟဇ်၊ အာဟဇ်၏သား ဟေဇက္ကိယ၊-

10 ဟေဇက္ကိယ၏သား မာနားဆေ၊ မာနား

11 ဆေ၏သား အာမော့၊ အာမော့၏သား ဂျိုစီယ၊- ဂျိုစီယ၏ သား ဂျေကိုးနိယနှင့် သူ၏ညီအစ်ကိုတစ်စုတို့မှာ ဘာဘီ လွန်ပြည်သို့ အကျဉ်းသားအဖြစ်ခေါ်ဆောင်သွားခြင်းခံရ မည့်ဆဲဆဲအချိန်တွင် မွေးဖွားလာခဲ့ခြင်းဖြစ်၏။

12 ဘာဘီလွန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံ ရပြီးနောက်၊ ဂျေကိုးနိယ၏သား ရှီအာတီအဲလ်၊ ရှီအာတီအဲလ်၏သား ဇေရုဘာဘဲလ်၊-

13 ဇေရုဘာဘဲလ်၏သား အာဘီယု၊ အာဘီယု၏သား ဧလိယကိမ်၊ ဧလိယကိမ်၏ သား အာဇော်၊-

14 အာဇော်၏သား ဇာဒေါ့၊ ဇာဒေါ့၏သား အာခိမ်၊ အာခိမ်၏သား ဧလိယု၊-

15 ဧလိယု၏သား ဧလိ ယဇာ၊ ဧလိယဇာ၏သား မာသန်၊ မာသန်၏သား ယာ

16 ကုပ်၊- ယာကုပ်၏သားသည်ကား မာရိယာ၏ခင်ပွန်း ဖြစ်သောဂျိုးဇက်ပေတည်း။ မာရိယာမှ ခရစ်တော် ဟု ခေါ်ဝေါ် ခြင်းခံ ရသော ယေဇူးဖွားမြင်လာလေ၏။

17 ဤသို့ဖြင့် ဆွေမျိုးစဉ်ဆက်စုစုပေါင်းကား အာဘ ရာဟံမှ ဒါဝိဒ်တိုင်အောင် တစ်ဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဘာဘီလွန် ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် အချိန်တိုင်အောင် တစ်ဆယ့်လေးဆက်၊ ဘာဘီလွန်ပြည် သို့ဖမ်းဆီး ခေါ် ဆောင် သွား ခြင်းခံရသည့်အချိန်မှ ခရစ် တော်တိုင်အောင် တစ်ဆယ့်လေးဆက်ဖြစ်သတည်း။

18 ယေဇူးခရစ်တော်၏ဖွားမြင်တော်မူခြင်းကား ဤ သို့ဖြစ်သတည်း။ ကိုယ်တော်၏မယ်တော်ဖြစ်သော မာရိယာသည် ဂျိုးဇက်နှင့်စေ့စပ်ကြောင်းလမ်းထားပြီးမှ အတူမနေမီ ဝိညာဉ်တော်မြတ်အားဖြင့် ပဋိသန္ဓေစွဲလျက် ရှိသည်ကိုတွေ့ရ၏။-

19 သူမ၏ခင်ပွန်း ဂျိုးဇက်သည် ဖြောင့် မတ်သောသူတစ်ယောက်ဖြစ်သည်နှင့် အညီ သူမအား အရှက်တကွဲမဖြစ်စေလိုသော ကြောင့် တိတ်တဆိတ်စွန့် ခွာမည်ဟု ရည်ရွယ်ခဲ့၏။-

20 သို့သော် သူသည် ထိုသို့ ကြံ စည်နေခိုက်တွင် ထာ၀ရဘုရားသခင်၏ကောင်းကင် တမန်တော်သည် သူ့အား အိပ်မက်၌ ထင်ရှားပြလျက် ဆိုသည်မှာ ဒါဝိဒ်၏သား ဂျိုးဇက်၊ မာရိယာကို သင်၏ဇနီး အဖြစ်ထိန်း သိမ်းစောင့်ရှောက်ရန် မကြောက်ရွံ့ လေနှင့်။ အကြောင်းမူကား သူမ၏ဝမ်းထဲ၌စွဲသောပဋိသန္ဓေမှာ ဝိညာဉ်တော် မြတ်အားဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။-

21 သူမသည် သားယောက်ျားကိုဖွားမြင်လိမ့်မည်။ သင်သည် သူ၏အမည်ကို ယေဇူးဟု မှည့်ခေါ်ရလိမ့်မည်။ အကြောင်းမူ ကား သူသည် မိမိ၏လူမျိုးကို ၎င်းတို့၏အပြစ်များမှ ကယ် ချွတ်မည့်သူဖြစ်သော ကြောင့်ပေတည်း ဟုမိန့်ဆိုလေ၏။-

22 ဤအကြောင်းအရာအားလုံးသည်ကား ပရောဖက် အားဖြင့် ထာ၀ရဘုရားသခင်ပေးတော်မူခဲ့သောဗျာဒိတ် တော်ပြည့်စုံ စေမည့်အကြောင်းဖြစ်သတည်း။

23 ဗျာဒိတ်တော်သည်ကား ကြည့်လော့၊ သမီးကညာ သည် ပဋိသန္ဓေစွဲ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ဧမာနူအဲလ်ဟု မှည့်ခေါ်ကြလိမ့်မည်။ ဧမာ နူအဲလ်၏အဓိပ္ပာယ်ကား ငါတို့နှင့်အတူရှိတော်မူသော ဘုရားဟုဆိုလို သတည်း။

24 ဂျိုးဇက်သည် အိပ်ပျော်ရာမှနိုးလာသောအခါ ထာ၀ရ ဘုရားသခင်၏ကောင်းကင်တမန်တော်မိန့်မှာခဲ့သည့် အတိုင်းပြုလုပ်၍ သူမကိုမိမိ၏ဇနီးအဖြစ် ထိန်းသိမ်းစောင့်ရှောက်လေ၏။-

25 သို့သော် သူမသည် သားဦးကို ဖွား မြင်သည့်တိုင်အောင် ဂျိုးဇက်သည် သူမကို မပေါင်းဖော်ဘဲ နေလေ၏။ ထိုသားကိုလည်း ယေဇူးဟူသောအမည်ဖြင့် မှည့်ခေါ်လေ၏။

Ler em outra tradução

Comparar lado a lado