1 Coríntios 8

BURCBCM

1 ရုပ်တုများအား ပူဇော်ပသထားသည့်အစားအစာများနှင့်ပတ်သက်၍ ဆိုရသော် ငါတို့အားလုံး အသိဉာဏ်ရှိကြကြောင်းကို ငါတို့သိကြ၏။ အသိဉာဏ် သည် မောက်မာဝါကြွားစေတတ်ပြီး ချစ်ခြင်းမေတ္တာမှာမူ စိတ်ဓါတ်ကို မြှင့်တင်ပေးတတ်၏။-

2 အကြင်သူသည် မိမိ ကိုယ်ကို ပညာရှိသည်ဟုထင်မှတ်လျှင် ထိုသူသည် ပညာ ရှိသင့်သလောက်မရှိသေးပေ။-

3 သို့ရာတွင် ဘုရားသခင် ကိုချစ်သောသူအား ဘုရားသခင်သည် သိတော်မူ၏။

4 သို့ဖြစ်၍ ရုပ်တုများအား ပူဇော်ပသထားသောအစား အစာများကိုစားခြင်းနှင့်ပတ်သက်၍ဆိုရသော် ရုပ်တု ဘုရားသည် အမှန်တကယ်မတည်ရှိကြောင်းကိုလည်းကောင်း၊ တစ်ဆူတည်းသောဘုရားသခင်မှတစ်ပါး အခြားသောဘုရားမရှိသည်ကို လည်းကောင်း ငါတို့သိကြ၏။-

5 အကြောင်းမူကား ကောင်းကင်နှင့်မြေကြီးပေါ်တွင် ဘုရားဟုခေါ်သောအရာများရှိကောင်းရှိမည်ဖြစ်၍ များစွာသောဘုရား များနှင့် များစွာသောအရှင်သခင်များ ရှိကြပါသော်လည်း၊-

6 ငါတို့အတွက်မူကား အဖဘုရားသခင်တစ်ဆူတည်းသာရှိပြီး ကိုယ်တော့်ထံမှ ခပ်သိမ်းသောအရာတို့ဖြစ်လာကြ၍ ကိုယ်တော့်အတွက်သာလျှင် ငါတို့အသက်ရှင်ကြ၏။ ထို့အတူ ငါတို့အတွက် ယေဇူးခရစ်တော်တည်းဟူသော အရှင်သခင်တစ်ပါး တည်း သာရှိပြီး ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အား ဖြင့် တည်ရှိလျက် ကိုယ်တော်အားဖြင့်သာလျှင် ငါတို့ အသက်ရှင်လျက်ရှိကြ၏။

7 သို့သော် လူတိုင်း၌ ဤအသိတရားမျိုးရှိကြသည် မဟုတ်။ အချို့သောသူတို့သည် ယခုအချိန်ထိ ရုပ်တုကိုးကွယ်သည့် အလေ့ အထနှင့်အသားကျနေသဖြင့် ရုပ်တုများအား ပူဇော်ပသထားသောအစားအစာကိုစားရာတွင် အမှန်တကယ်ပူဇော်ထား သည့်အစာဟုခံယူ၍ စားသုံးကြ၏။ သူတို့၏ဆင်ခြင်တုံတရားသည်လည်း အားနည်းသောကြောင့် ယင်းသည် ညစ်ညူးသော အဖြစ်သို့ရောက်၏။-

8 အစားအစာသည် ငါတို့ကို ဘုရားသခင်ရှေ့တော်၌ မျက်နှာရစေသည်မဟုတ်။ ယင်းတို့ကို မစားလျှင် ငါတို့၌အကျိုး ဆုတ်ယုတ်မှုမရှိ။ စားလျှင်လည်း ငါတို့၌ပို၍အကျိုး ဖြစ်ထွန်းသည်မဟုတ်ပေ။-

9 သင်တို့၏လွတ်လပ်စွာစားသောက်ခြင်းသည် အားနည်းသူတို့အတွက် လမ်းလွဲစရာ အကြောင်းမဖြစ်စေရန်သာ ဂရုပြုကြ လော့။-

10 အကြောင်းမူကား အသိပညာရှိသောသင်တို့သည် ရုပ်တုကိုးကွယ်ရာပလ္လင်၌ စားသောက်နေကြသည်ကို ဆင်ခြင်တုံတရား အားနည်းသူတစ်ဦးကမြင်ပါလျှင် ရုပ်တုအား ပူဇော်ပသထားသောအစားအစာကိုစားရန် အားတက်လာမည်မဟုတ် လော။-

11 ဤသို့ဖြင့် ခရစ်တော်အသက်ပေးကယ် တင်ခဲ့သည့် ဤယုံကြည်ခြင်းအားနည်းသူ ညီအစ်ကိုသည် သင်တို့၏အသိပညာ ကြောင့် ပျက်စီးရလေ၏။-

12 သို့ဖြစ်၍ သင်တို့၏ညီအစ်ကိုများကို ပြစ်မှားလျက် သူတို့ ၏ဆင်ခြင်တုံတရားအားနည်းချိန်တွင် ၎င်းကိုထိခိုက်ခြင်းဖြင့် သင်တို့သည် ခရစ်တော်ကို ထိခိုက်ပြစ်မှားကြ၏။-

13 ထို့ကြောင့် အစားအစာသည် ငါ၏ညီအစ်ကိုအား အပြစ် သို့ကျရောက်စေသည့်အကြောင်းရင်းဖြစ်လျှင် ငါသည် ငါ၏ညီအစ်ကိုအား အပြစ်သို့မကျရောက်စေခြင်းငှာ မည် သည့်အခါမျှ အသားစားတော့မည်မဟုတ်။

Ler em outra tradução

Comparar lado a lado